Wednesday, 20 November 2013

ဗမာမွတ်စလင်မ်လူငယ်များ ကွန်ယက်၏ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရေးဆွဲ၍မပြီးဆုံးသေးပါသဖြင့် သီးခံ၍ စောင့်ဆိုင်းဖက်ရှူ့ပါရန်။


BMY Network Yangon မှ ၁၉.၁၁.၂၀၁၃နေ့က အရေးပေါ်လူနာအား အောက်စီဂျင် သွားရောက်တပ်ဆင်ပေးနေစဉ်။


ဗမာမွတ်စလင်မ် လူငယ်များကွန်ယက် မလေးရှားနိုင်ငံ၏ အဖွဲ့ဝင်လျှောက်လွှာပုံစံ။


ဗမာမွတ်စလင်မ်လူငယ်များကွန်ယက်မှ International Buddhist-Muslim Forum on Peace and Sustainability ဆွေးနွေးပွဲသို့ တက်ရောက်။

မလေးရှားနိုင်ငံ Institut Kefahaman Islam Malaysia-IKIM တွင် International Buddhist-Muslim Forum on Peace and Sustainability ခေါင်းစဉ်ဖြင့်- (၁)ရက်၊ နိုဝင်ဘာလ၊ ၂၀၁၃၊ ယနေ့ နံနက်(၉.၀၀နာရီမှ ညနေ ၄.၀၀နာရီအထိ)ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မလေးရှားဝန်ကြီးချုပ်ဟောင်း IKIM Chairman တစ်ဦးဖြစ်သူ Ahmad Badawi ကိုယ်တိုင်းတက်ရောက်ခဲ့ပြီး

ဦးဆောင်ဆွေးနွေပေးသည့် ကမ္ဘာ့ အကျော်အမော်ကြီးများဖြစ်ကြသော-

1-Datuk Nik Mustapha bin Nik Hassan (Director General of IKIM)

2-Dr. Harsha Kumara Navaratne (Chair of INEB Executive Committee)
3-Anas Zubedy (Secretary General of JUST)

4-Dr.Azizan bt. Baharuddin Daputy (Director General of IKIM)

5-Dr.Chandra Muzaffar (President of JUST)

6-Sulak Sivaraksa (Founder and Co,Chair Advisor Committee of INEB)
7-Rev.Alan Senauke (Advisory Committee of INEB and Clear View Project, USA)တို့မှ တက်ရောက်လာကြသော Participant များနှင့် နိုင်ငံတစ် ကာရှိ ရဟန်းသံဃာတော်များကို ငြိမ်းချမ်းမှုတည်ဆောက်ရေး ခေါင်းစဉ်ဖြင့် အသေးစိတ်ဆွေးနွေးခဲ့ကြပါသည်

၎င်းနောက် မြန်မာနိုင်ငံမှ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော် ဆရာ-ဒေါက်တာ ဦးမြင့်သိန်း၊ပသီ-ကိုဇော်မင်းထွန်း၊ ကိုဇော်မင်းလတ်၊ ဒေါက်တာဆောင်းလွင်အောင်နှင့် ဒေါက်တာသန့်ဇော်တို့ တက်ရောက်ခဲကြပြီး
မလေးရှားနိုင်မှ တက်ရောက်လာကြသော Burma Muslim Community မှ ကိုဝင်းဆွေနှင့်အဖွဲ့၊ Rohingya Association Committee မှ Mr MD, Sadike နှင့်အဖွဲ့၊ Burma Muslim Youth Network Malaysia-BMY မှ ကိုအောင်ကျော်မိုးနှင့် အဖွဲ့ ဒီ့အပြင်အဖွဲ့အခြားအဖွဲ့စည်းများလည်း တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို မွန်လွှဲး ၁၂.၀၀နာရီမှာ ခေတ်ရပ်နားပြီး နေ့လည်စာဖြင့် ခမ်းနားစွာဧည့်ခံကျွေးမွေးခဲ့ပါသည်။၎င်းနောက် ၁.၀၀နာရီအချိန်မှာ မစ်ဂျစ် ဝေလာရဟ် ၀တ်ကျောင်းတော်သို့ ပို့ဆောင်ပြီး ဂျွန်မာအ်ဆွလာသ် ၀တ်ပြု ဆုတောင်းခဲ့ပါသည်။ ဂျွန်မာအ်ဆွလာသ်အပြီးမှာ IKIM အသံလွှင့်ဌာနသို့ လေ့လာရန် အပေါ်ထပ်သို့ တက်ရောက် လေ့လာခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို နေ့လည် ၂.၀၀နာရီအချိန်မှာ ပြန်လည်စတင် ခဲ့ပါသည်။ နှစ်နာရီကြာ Tour of IKIM အစီအစဉ်ကို ကျင်းပပြုလုပ်ပြီးနောက် ညနေ ၄.၀၀နာရီအချိန်မှာ အစီအစဉ်အားလုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါသည်။

အလ်ဟမ်ဒုလလ္လာဟ် အလ္လာဟ်ရှင်မြတ် အလိုတော်နှင့် ဒီအစီအစဉ်ကို ကျင်းပ ပြုလုပ်ပေးခဲ့တဲ့ IKIM နှင့် ဒီအခမ်းအနားကို အောင်မြင်အောင် အဖက်ဖက်မှ ပါဝင်ကူညီပေးခဲ့တဲ့ ပုဂ္ဂိုလ်များကို အလ္လာဟ်ရှင်မြတ် ဘက်တော်မှ ကြီးမားသေား အကျိုးကျေးဇူးများ ချီးမြှင့်ပေးသနားတော်မူပါစေ။

ဗမာမွတ်စလင်မ် လူငယ်များ INEB Conference သို့တက်ရောက်ခဲ့ကြသည်။

မလေးရှားနိုင်ငံရှိ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံမှ INEB Conference သို့ တက်ရောက်
ခဲ့ကြသော ပြည်တွင်းပြည်ပ အခြေစိုက် မြန်မာအသင်းအဖွဲ့ တို့၏ 
ငြိမ်းချမ်းရေးကြေငြာချက်ထုတ်ပြန်ရေးနှင့်
မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မွတ်စလင်မ်တို့အား လူမျိုးတုံးသတ်ဖြတ်မှု အပေါ် စုံစမ်းစစ်ဆေးရေး
ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန်အတွက် မစ်တာချန်သရာ
ဦးဆောင်၍ အစည်းဝေး
တစ်ရပ်ကို လက်ခံကျင်းပခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင်း ပြည်တွင်းပြအခြေစိုက်
လူအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့်
သံဃာတော်ရှစ်ပါးတက်
ရောက်ခဲ့ကြပါသည်။


BMC နဲ့ BMY ပူးပေါင်းဆောင်ရွက်နေ

မလေးရှားနိုင်ငံအခြေဆိုက် Burma Muslim Community အဖွဲ့ဟာ ဗမာမွတ်စလင်မ်တွေကို 
HNHCR ရဲ့ခွင့်ပြုချက်အရ အကြိုယူအန်လျှောက်ထားခွင့် (BMC)ကဒ်များ
ထုတ်ပေးလျှက်ရှိပါသည်။မြန်မာနိုင်ငံမှ
 မလေးရှားနိုင်ငံသို့ ရောက်ရှိနေသူ ဗမာမွတ်စလင်မ်များအား အထောက်အထားရရှိ
ရေးကိစ္စကို ကျွန်တော်များ Burma Muslim Youth (BMY)မှ ကိုယ်စွမ်း
ဥာဏ်စွမ်းရှိသမျှ ပါဝင်ကူညီပေးလျှက်ပေးပါသည်။
မည်သူမဆို BMY သို့နေထိုင်ခွင့်ကဒ် တောင်းခံလာပါက BMC ရုံးသို့ ပို့ဆောင်ပေး၍၎င်း
မိမိတို့လူငယ်များကိုယ်တိုင် လက်ခံ၍၎င်း ကူညီဆောင်ရွက်
ပေးလျှက်ရှိပါသည်။


Tuesday, 19 November 2013

မြန်မာနိုင်ငံမှ ထွက်ပြေးလာတဲ့ ဒုက္ခသည်များအတွက် အထောက်အထားများထုတ်ပေးခဲ့။

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရိုဟင်ရှာညီနောင်များနဲ့ မြန်မာမွတ်စလင်မ်
ညီနောင်တွေကို လက်ဝယ်အတွင်း စာရွက်စာတမ်းအထောက်အထားတစ်ခုခုရရှိရန်
ရည်ရွယ်၍ မလေးရှားနိုင်ငံ နိုင်ငံရေး NGO တစ်ခုဖြစ်သော
Mapim Office မှ ဦးဆောင်၍ 
ရိုဟင်ဂျာညွှန့်ပေါင်းအဖွဲ့နှင့်အတူ ကျွန်တော်တို့ ဗမာမွတ်စလင်မ် လူငယ်များ ကွန်ယက်
မလေးရှားနိုင်ငံရောက် လူငယ်များမှ ပူးပေါင်း၍ စေတနာဝန်ထမ်းအဖြစ်
မြန်မာနိုင်ငံ မွတ်စလင်မ်ဒုက္ခသည်များအတွက်
အသနားခံစာ ထောက်ခံစာများကို လူဦးရေ (၁၀၀၀၀)၀န်းကျင်လောက် 
ထုတ်ပေးနိုင်ခဲ့ပါတယ်။



ဗမာမွတ်စလင်မ်လူငယ်များကွန်ယက်ဟာ မလေးရှား NGO အကြီးအကဲများနှင့် ပူးပေါင်း၍ ၂၀၁၃ခုနှစ်၊ မေလမှ ဂျွန်လအထိ လေးကြိမ်တိုင်တိုင် မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ဆန္ဒခံယူခဲ့ကြပါတယ်။

ဗမာမွတ်စလင်မ်လူငယ်များကွန်ယက် မလေးရှားနိုင်ငံမှာ ဖွဲ့စည်းပြီးနောက်ပိုင်းမှာတော့
မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှု အရှိန်ဟာ ပြင်းထန်သထက် ပြင်းထန်
လာပါတော့တယ်။ ဒါကြောင့် လူငယ်များရဲက ဆန္ဒခံယူခါ
ဆန္ဒပြပွဲတစ်ရပ်ကို ကျင်းပဖို့
ဆုံးဖြတ်လိုက်ပါတယ်တော့တယ်။ လူငယ်တွေရဲ့ နုနယ်တဲ့သတ်တမ်း အခြေအနေကြောင့်
လူကြီးများရဲ့ဝန်းရန်မှုကို ခံယူသင့်ကြောင်းနှင့် အဆိုပါဆန္ဒပြပွဲကို
မလေးရှား NGO အကြီးအကဲများကို
ဦးဆောင်စေပြီး
မိမိတို့လူငယ်အဖွဲ့က အစစအရာရာ ပြင်ဆင်မှုတွေလုပ်ပေးခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ၂၀၁၃ခုနှစ် မေလနဲ့ ဂျွန်လတို့တို့မှာ
လေးကြိမ်တိုင်တိုင်ကျင်းပပြီးစည်း
ခဲ့ပါတယ်။
အဆိုပါဆန္ဒပြပွဲကြောင့် မြန်မာနိုင်ငံရေးဟာ တစ်မျိုး တစ်ဖုံ ပြောင်းလည်းခဲ့ကြောင်း လက်တွေ့
မြင်ခဲ့ရပါတယ်။ မလေးရှားနိုင်ငံရှိ TV-3 နဲ့ TV-9 တို့မှာ သတင်းပါရှိခဲ့
တာကြောင့် မြန်မာနိုင်ငံရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ
ကမ္ဘာသိအောင် တစ်ဖက်တစ်လမ်းမှ အမြန်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။


Burma Muslim Youth Network Malaysia လူငယ်တွေ့ဆုံပွဲကို Ampang မြို့တွင် ကျင်းပခဲ့။

အောင်ကျော်မိုး မလေးရှားနိုင်ငံသို့ ရောက်ရှိပြီး (၆)လအကြာမှာတော့ ဗမာမွတ်စလင်မ်
လူငယ်များကွန်ယက် မလေးရှားကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
စတင်ဖွဲ့စည်းခဲ့စဉ်က မလေးရားနိုင်ငံ စလန်ဂေါး
အမ်ပန်မြို့ ပန္လလ်မေ၀ ဆိုတဲ့ မြို့
လေးမှာဖြစ်ပါတယ်။
ဒီအဖွဲ့လေးကို ဖြစ်မြောက်အောင် ကူညီပေးခဲ့ကြသူတွေကတော့ အမ်ပန်းက ကိုသောင်းထိုက်နဲ့ 
မမီးမီးတို့ဖြစ်ပြီး အမ်ပန်းလူငယ်တွေဟာလည်း တက်ကြွစွာ
ပါဝင်ခဲ့ကြပါတယ်။ အမှန်တကယ်တော့ 
ဒီအဖွဲ့လေးဟာ
အဲဒီအချိန်မှစ၍ အင်အားစုတစ်ရပ်ဖြစ်လာပါတော့တယ်။ 


မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ စတင်ထွက်ခွာ

ဗမာမွတ်စလင်မ် လူငယ်များကွန်ယက် ဦးဆောင်လှုပ်ရှားသူ တာဝန်ခံ-(၂) ကျွန်တော် အောင်ကျော်မိုး
ဟာ ၂၀၁၁ခုနှစ်ကုန်ပိုင်းလောက်က စ၍ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့
ထွက်ခွာလာခဲ့ပါတယ်။ ယခင်က မြန်မာနိုင်ငံ
တစ်နိုင်တည်းထဲမှာ 
သေချာလုပ်ကိုင်မယ်လို့ ရည်ရွယ်ခဲ့ပေမဲ့ ယနေ့ဆိုရင် ဗမာမွတ်စလင်မ်တွေဟာ ကမ္ဘာအရပ်ရပ်သို့ 
ပြန့်ကျဲနေထိုင်နေကြရပါတယ်။ မြန်မာမွတ်စလင်မ်တွေရဲ့ ဒုက္ခဟာ
ပြည်တွင်းမှာသာမက၊ ပြည်ပနိုင်ငံတွေမှာပါ
တိုးချဲ့လုပ်ကိုင်သင့်ပြီဟု
ယူစမိ၍ ကျွန်တော် အောင်ကျော်မိုးဟာ မြန်မာနိုင်ငံရှိ လူငယ်လုပ်ဖော်ကိုင်ဖက်၊တွေနဲ့ မိမိရဲ့
မိသားစုဝင်အားလုံးနဲ့ စတင်စွန့်ခွာခဲ့ပါတယ်။


ပြည့်ဝတဲ့ BMY လူငယ်များရဲ့ စေတနာ

ဗမာမွတ်စလင်မ် လူငယ်များရဲ့ တက်စွမ်းသမျှကူညီမှုအစီအစဉ်လေးကို လူငယ်တွေလုပ်ကိုင်ဆောင်
ရွက်ခဲ့ရာအတော်အတန် အောင်မြင်တယ်လို့ဆိုရမှာပါ။ ပထမဆီချို၊ သွေးချိုး 
စစ်ဆေးတိုင်တာပေးတယ်၊ သွေးပေါင်ချိန်ပေးတယ်၊
တက်စွမ်းသမျှ ကူညီပေးပြီးနောက်
ဆေးဝါးများကူညီ
ရေးနှင့်
ဆေးဝါးကုသရေး လုပ်ငန်စဉ်ပါတိုးချဲု့လာတဲ့အခါ စေတနာရှင် ဆရာဝန်တစ်ဦးကို ပင့်ဖိတ်ပြီး
ဆီးချို၊သွေးချို ဝေတနာရှင်များအား ကုသခြင်းလုပ်ငန်းကိုပါ လုပ်လာ
နိုင်ခဲ့ပါတယ်။
အသိပညာပေးဆွေးနွေးမှုတွေကိုပါ လုပ်လာတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့
ပရဟိတစေတနာရှင်လူငယ်လောင်းများရဲ့ အသီးအပွင့်တွေဟာ
ရပ်ရွာအခြေပြု ရပ်ရွာမိသားစုများထံ ရောက်
ရှိခဲ့ကြပါတယ်။
ရပ်ရွာမိသားတွေရဲ့ ကိစ္စအ၀၀ကို တင်းပြည့်ကျပ်ပြည့် မကူညီနိုင်ခဲ့ပေမဲ့ လူငယ်များရဲ့ စေတနာ
မေတ္တာ ကရုဏာနဲ့ နွေးထွေးစွာလုပ်ဆောင်ချက်တွေကတော့ဖြင့်
ရပ်ရွာမိသားစုလေးတွေရဲ့ရင်ထဲမှာ 
ကြေနပ်အားရမှု
အပြည့်၊ ၀မ်းသာမှုအပြည့်ရှိနေကြတာကို သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။


ပြင်သစ်ယဉ်ကျေးမှုဓါတ်ပုံရိုက်ပြိုင်ပွဲသို့ BMY လူငယ်များတက်ရောက်။

ဗမာမွတ်စလင်မ် လူငယ်များကွန်ယက် ရန်ကုန်လူငယ်များဟာ ပြင်သစ်ယဉ်ကျေးမှု ဓါတ်ပုံ
ပြိုင်ပွဲသို့ တက်ရောက်ခဲ့ကြပြီ ဓါတ်ပုံရိုက်ကူးခြင်းနည်းပညာနှင့်
အချို့အသေးစိတ် သိလိုရာများကို သင်ကြား
ခဲ့ကြပါတယ်။
အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်းတက်ရောက်
အားပေးခဲ့ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ သတင်းထောက်များရဲ့
အင်တာဗျူးကို ရန်ကုန်လူငယ်အဖွဲ့ ဦးဆောင်လှုပ်ရှားသူ
ကိုမော်စီမှ ဖြေကြားခဲ့ပါတယ်။


ထိုနေ့ဟာ တာဝန်တစ်ရပ်

အာဇာနည်နေ့မှာ ၀မ်းနည်းမှု(၂)မျိုးဖြစ်ခဲ့တယ်။ ပထမတစ်မျိုးကတော့ အလွန်အဖိုးတန်တဲ့ 
အမျိုးသားခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့အတွက်ဖြစ်ပြီး
နောက်တစ်မျိုးကတော့ အာဇာနည်နေ့
ကိုရောက်တိုင်း ကြိပ်ကြိမ်တိုး
စည်းကားနေတာကတော့ အာဇာနည်ကုန်းဖြစ်ပြီး ဆရာကြီး ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့
ရှိရာ တာမွေဥယျဉ်တော်မှာ
သရဲချောက်မှာ ဆိုးရပါတယ်။ မွတ်စလင်မ်ဆိုသူတွေပင်လျှင် မိမိတိုပအမျိုးသား
ခေါင်ဆောင်ကြီး ဆရာကြီးဦးရာဇတ်အား
ဂါရ၀ပြုရကောင်းမှန်းမသိ အမျိုးသားရေး သွင်ပြင်လက္ခာဏာတွေကို 
အလေးထားရကောင်းမှန်းသမသိ
ဖြစ်နေပါတော့တယ်
အဲဒီအချက်နှစ်ခုလုံးအတွက် စိတ်မကောင်းဖြစ်ရပါတယ်။
မွတ်စလင်မ်ညီနောင်တွေသာ ထိုနေ့မှာ မိမိတို့အမျိုးသား ခေါင်းဆောင်မှန်သိတက်မယ်ဆိုခဲ့ရင်
မြန်မာနိုင်ငံရဲ့ အဓိကျတဲ့လုပ်ငန်းတွေမှာ 
စိတ်ဓါတ်တက်ကြွစွာနဲ့
ပါဝင်နိုင်လာမှာပါ။


အာဇာနည်နေ့ တာမွေဦးယျာဉ်တော်ရှိ ဆရာကြီးဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့အတွက် ဇေယျာရတ်ပြု ဆုတောင်းခဲ့ကြပါသည်။

ထိုနေ့က အာဇာနည်နေ့ဆိုတော့ လူငယ်တွေလည်းအလုပ်တွေပိတ်ကြတာနဲ့ မနက်ပိုင်းမှာ
လွပ်လပ်ရေးကွင်းသို့ သွားရောက်ပြီး အာဇာနည်ပုဂ္ဂိုလ်ကြီးများအား
အလေးပြုခဲ့ကြပြီး နေ့လည် ဇိုဟိုဆွလာသ်ကို
တာမွေရှိမာမက်ဂျန်းဗလီမှာ
သွားရောက် ၀တ်ပြုခဲ့ကြပါတယ်၊ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ 
ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီး အမျိုးသားစီမံကိန်းနှင့် ပညာရေး
ဝန်ကြီး၊ ထို့နောက် သူ၏သက်တော်စောင့်
ဖြစ်သူ ရဲဘော်ကိုထွေးတို့
အား
ဇေယျာရတ်ပြု ဆုတောင်ပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့၏ လုပ်ခဲ့သမျှ 
လမ်းစဉ်ကို စိတ်အတွင်း စွဲမှတ်ခံယူခါ
မိမိတို့ အိမ်သို့ ပြန်လာခဲ့ကြပါတယ်။


၂၀၁၁ခုနှစ် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးခဲ့တဲ့ အာဇာနည်(၉)ဦးတို့အား ဗမာမွတ်စလင်မ် လူငယ်များ ကွန်ယက် လူငယ်များမှ အလေးပြု။

နှစ်(၂၀)ကျော် ပိတ်ပင်ထားတဲ့ အာဇာနည် လွပ်လပ်ရေးကွင်းကို ၂၀၁၁ခုနှစ်ကမှ စတင်ဖွင့်ပေးခဲ့တယ်။
အဲဒီနှစ်မှာပဲ အဖွဲ့ပေါင်းများစွာနဲ့အတူ ကျွန်တော်တို့ ဗမာမွတ်စလင်မ်လူငယ်များ
ကွန်ယက် လူငယ်များမှလည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ
အာဇာနည်(၉)ဦးအတွက် အလေးပြုခဲ့ကြပါတယ်။
အဲဒီအတွက်များအတွက်များစွာ
ဂုဏ်ယူမဆုံး
ဖြစ်မိပါ
တယ်။

သမိုင်းစာမျက်နှာ ပုံရိပ်များကို အကောင်းဆုံးဖန်တီးခဲ့ကြသူများ။

မြန်မာနိုင်ငံ သမိုင်းကိုရေးတော့မယ်ဆိုရင် ဘယ်စာရေးဆရာကမှ မြန်မာနိုင်ငံနဲ့ မွတ်စလင်မ်တွေကို
တွဲရေးဖို့ထက်၊ ခွဲရေးဖို့ မလွယ်လှပါဘူး။ ဘယ်အခန်း ဘယ်စာမျက်နှာ ရောက်ရောက်
မွတ်စလင်မ်တွေကို ချန်ရေးဖို့လည်း အဆင်မပြေ ကျော်ဖက်ရင်တော့
မပြောတက်ပါဗျာ၊ ဒီတော့ ကျွန်တော်တို့လူငယ်
တွေလည် အဲဒီစာမျက်နှာထဲမှာ
အပါအ၀င်ပဲလို့
ဆိုကြပါ
တော့


Peace Cultivation Network-(PCN)သို့ ရန်ကုန်ဦးဆောင်လှုပ်ရှားသူ ကိုမောင်စီမှ အနာဂတ်ရင်သွေးငယ်များအတွက် သမိုင်းကွင်ဆက်မပြတ်ရန် ဆွေးနွေးတင်ပြ။

ဗမာမွတ်စလင်မ် လူငယ်များဟာ ပရဟိတလုပ်ငန်တွေကို စဉ်ဆပ်မပျက်လုပ်လာခဲ့တယ်ဆိုပေမဲ့
လုပ်ငန်ရဲ့ အဓိကဦးတည်ချက်ကတော့ အမျိုးသားရေးကို အခြေခံပါတယ်။
ဒီတော့အမျိုးသားရေးလုပ်ငန်းစဉ်တွေကိုလည်း လုပ်ခဲ့သမျှ 
တင်ပြပေးချင်ပါမယ်။
၂၃-၇-၂၀၁၃ အင်္ဂါနေ့ညနေ့ လေးနာရီအချိန်မှာ
 အမှတ် ၂ ၊၁၁၉လမ်း၊မင်္ဂလာတောင်ညွှန့်မြိုနယ်၊ရန်ကုန်မြို့ရှိ
 Peace Cultivation Network-(PCN) ရုံးခန်းမှာ မွတ်စလင်မ် ကွန်ယက်ပေါင်းအခု(၂၀)လောက်စုပေါင်း၍
အနာဂတ်မွတ်စလင်မ် အရေးကိစ္စတွေနဲ့ ပါတ်သက်လို့ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ စုပေါင်းဝါဖြေပွဲ တစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးပွဲကို ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်မှ (ရန်ကုန်)လူငယ်အဖွဲ့ ဦးဆောင်လှုပ်ရှားသူ
ကိုမော်စီမှ တက်ရောက်စကားပြောခဲ့ပါတယ်။
အဓိကအနေဖြင့် BMY လုပ်ငန်စဉ်အခြေအနေနဲ့ ရှေ့ဆက်လုပ်ကိုင်မည့် ငန်းစဉ် အသေးစိတ်ကို ဆွေနွေးပြီး၊
မြန်မာနိုင်ငံ အတွင်းဖြစ်ပေါ်နေသော မွတ်စလင်မ် များအပေါ် လူမျိုးတုံးသက်ဖြက်မုများကို
နောက်မျိုးဆက်များသိရှိစေရန်အတွက် သမိုင်းဆိုင်ရာ အထောက်အထားတစ်ရပ်
ကို စာအုပ်စာပေ၊ စာတမ်းများ ပြုစုကာ ခိုင်ခိုင်မာမာ 
သိမ်းဆည်းရန်နှင့် နောင်လာမဲ့ အနာဂတ်ရင်သွေးငယ်များအတွက်
ပြင်ဆင်သင့်ကြောင်းကို အကြံပြု
ဆွေးနွေးခဲ့ပါသည်။



ဗမာမွတ်စလင်မ် လူငယ်များရဲ့ အမှတ်အသားတံဆိပ်

ကျွန်တော်တို့ ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်ဟာ အဖွဲ့အစည်းတစ်ခုရယ်လို့ အဆိုချင်လှဘူး။
ကမ္ဘာပေါ်ရှိ မွတ်စလင်မ်လူငယ်ထု တစ်ရပ်လုံးနဲ့ ဆိုင်တယ်လို့ သတ်မှတ်ခဲ့ကြသလို
အခုမြင်တွေ့ရတဲ့ အောက်စီဂျင်အိုးမှာ ကပ်ထားတာကတော့
ကျွန်တော်တို့ လူငယ်တွေရဲ့ Logo တစ်ခုပါပဲ
Logoကို အဖွဲ့ရဲ့ မည်သည့်အလုပ်
ကိုလုပ်လုပ် အခုလို
သုံးစွဲခဲ့ကြ
တယ်။



ဒါတွေဟာ လူငယ်တွေရဲ့ စည်းလုံးခြင်း အင်အားကြောင့်ဖြစ်တယ်။

အောက်ဆီဂျင်လိုအပ်တဲ့ လူနာတစ်ယောက်ဟာ သူ့ဘ၀ရဲ့ ဘယ်လောက်အရေးကြီးတဲ့ အချိန်သို့
ရောက်နေပြီလည်းဆိုတာ သဘောပေါက်ကြမှာပါ။ အဲဒီတော့ လူနာတွေကို
သေချာ ဂရုဆိုက်ဖို့ ကျွန်တော်တို့ လူငယ်တွေ
တာဝန်ခွဲယူရပါတော့တယ်။
အဲဒီအတွက်ကြောင့် ဗီနိုင်းတွင်းစာရင်းပါရှိသူ လူငယ်တာဝန်ခံတွေဟာ လူနာတွေရဲ့ လိုချက်မှန်သမျှကို
အလေးထားဆောင်ရွက်လာနိုင်ကြပါတယ်။ ဒီလိုဆောင်ရွက်လာနိုင်ခြင်းဟာလည်း
ဗမာမွတ်စလင်မ်လူငယ်တွေရဲ့ စည်းလုံးခြင်းအင်အားတစ်ရပ်
ပါပဲ။ စိတ်တူကိုယ်တူဖြစ်ဖို့ဆိုတာ
မလွယ်ကူလှပါဘူး၊ သို့ပေမဲ့လည်း လူငယ်တွေဟာ မိမိတို့ရည်မှန်းချက် အောင်မြင်ဖို့ရာအတွက်
အရာရာကိုသီးခံခွင့်လွှတ်ခဲ့ကြပါတယ်။ အဲဒီအတွက် ယနေ့အချိန်အထိ ကျွန်တော်တို့ 
ဗမာမွတ်စလင်မ်လူငယ်အချင်းချင်း အကြားမှာ
မည်သည့်ပြဿနာတစ်စုံတစ်ခုမှ
မရှိခဲ့ကြပါဘူး။




ဆီချိုဝေတနာရှင်တွေကိုသာမက အရေးပေါ်အောက်စီဂျင် အိုးများလည်း အခမဲ့လှူဒါန်း။

ဗမာမွတ်စလင်မ်ဟု အမည်တပ်ခေါ်ပေမဲ့လည်း လူငယ်တွေဟာ ဒေသခံရပ်ရွာမိသားစုတွေအားလုံးကို
ညီအစ်ကို မောင်နှမ၊ မိဘ ဖိုးဖွား၊ ဆွေမျိုးသာချင်း၊ မိတ်ဆွေအစစ်အမှန်ကဲ့သို့
သဘောပိုက်ကာ စေတနာသန့်ရှင်းစွာနဲ့ လုပ်ခဲ့တဲ့ 
ဒီအလုပ်လေးစာ တစ်စ တစ်စနဲ့ 
အောင်မြင်လာခဲ့ပါတယ်။ ဗမာမွတ်စလင်မ် လူငယ်တွေရဲ့ ကျိုစားမှုလေးဟာ ဆီချို၊ သွေးချို့ ဝေတနာရှင်
တွေကို တိုင်းတာစစ်ဆေးပေးရုံသာမက အရေးပေါ်အသက်ရှူရန်အခတ်ခဲဖြစ်နေတဲ့
လူနာတွေကိုလည်း အောက်စီဂျင် အိုးတွေကို
အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့
ကြပါတယ်။


စေတနာဖြူစဉ်စွာနဲ့ လုပ်ခဲ့တဲ့ ဒီအလုပ်

ပရဟိတလုပ်ငန်းလေးတွေကို ၀င်ရောက်လုပ်ကိုင်ကြတဲ့ လူငယ်တွေဟာ မိမိတို့ချွေးနဲစာလေးထဲက
နေ တက်နိုင်သလောက်စုပြီး အခုလိုမရှိနွမ်းပါးသူတွေရဲ့အပေါ်မှာ လူသားချင်း
စာနာထောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို
စိတ်ပါဝင်စားစွာ
အားပါးတရ ကိုယ်ကျိုးစွန် လုပ်လာခဲ့ကြပါတယ်။
ဒီအလုပ်လေးတွေဟာ သေးငယ်တယ်ဆိုပေမဲ့ အလွန်ငွေကုန်ကြေးကျများတဲ့ အလုပ်လည်းဖြစ်ပါတယ်။
သို့ပေမဲ့လည်း လူငယ်တွေ တစ်ယောက်ကို နည်းနည်းစီ စုလိုက်တဲအခါမှာတော့
ကြီးမားတဲ့ အင်အားတစ်ရပ်ကို ရရှိလာခဲ့ပြီး မည်သည့် ချမ်းသာ
ကြွယ်ဝသူများထံမှာ လက်ဖြန့်တောင်းခံခြင်း
မရှိပဲ စေတနာဖြူစဉ်စွာနဲ့
လုပ်ခဲ့ကြပါတယ်။




ဗမာမွတ်စလင်မ်လူငယ်များ ကွန်ယက်၏ ဆီချို Program

ကျွန်တော်တို့ လူငယ်တွေ စတင်ဖွဲ့စည်းပြီး သုံးလအတွင်းမှာ ဒီအလုပ်လေးကို စတင်ခဲ့ကြပါတယ်။
ဒီအအလုပ်လေးဟာ အလွန်မွန်မြတ်မယ်လို့ ယူစမိပါတယ်။
အသက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ အများစုဟာ ဆေးရုံ၊ ဆေးခန်းတွေကို မသွားနိုင်လို့ 
ဆီးချိုဝေတနာဆွဲကပ်နေပဲမဲ့ ရောဂါရဲ့ဖိစည်းမှုဒါဏ်ကို 
နေ့စဉ်ခံစားနေရရှာပါတယ်။
ဒီတော့ ဒီအလုပ်ကို စတင်လုပ်ဖို့ ကျွန်တော်တို့လူငယ်တွေ သဘောတူဆုံးဖြတ်လိုက်ပါတယ်။
စလုပ်တဲ့နေ့မှာပဲ ဆီးချိုဝေဒနာရှင်တွေဟာ အားပါးတရ ကြိုဆိုထောက်ခံကြပါတယ်။
ကျွန်တော်တို့တွေလည်း အလွန်ပီတိဖြစ်လွန်းလို့ 
ဒီလိုပရဟိတလုပ်ငန်းလေး
တွေအပေါ် စိတ်ဝင်စားမိလာပါတော့တယ်။


ဗမာမွတ်စလင်မ် လူငယ်များကွန်ယက်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မျက်နှာဖုံးစာမျက်နှာ


Wednesday, 13 November 2013

BMY လူငယ်များ၏ ရည်ရွယ်ချက်


(၁)-မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တိုင်းသည် တိုင်းရင်းသား/နိုင်ငံ သား အများနည်းတူ      တန်းတူညီမျှပြီး တူညီတဲ့ အခွင့်အရေးကို ရရှိရန်။

(၂)-နေရာဒေသအသီးသီးမှာ  မြန်မာနိုင်ငံသားတိုင်း တွေ့ကြုံနေရသော ဒုက္ခအခတ်အခဲးများကို တက်စွမ်းသမျှ ၀ိုင်းဝန်းကူညီရန်။

(၃)-ဗမာမွတ်စလင်မ်များ၏ ရင်သွေးငယ်များအား သာဿနာ့အသိပညာနှင့် ခေတ်ပညာရေးအား ဒွန့်တွဲး၍ နှစ်လမ်းသွားပညာရေးကို
အကောင်အထည် ဖော်ဆောင်ရွက်ရန်။